၂၀၁၅ ခုနှစ်၊ မြန်မာရွှေ့ ပြောင်းဒေသ ဆရာ၊ ဆရာမများအစည်းအရုံး (BMTA) ၏ ပဉ္စမ အကြိမ်မြောက် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ ထုတ်ပြန်ကြေငြာချက်

BMTA announcement 2015_Page_1BMTA announcement 2015_Page_2BMTA announcement 2015_Page_3

၂၀၁၅ ခုနှစ်၊ မြန်မာရွှေ့ ပြောင်းဒေသ ဆရာ၊ ဆရာမများအစည်းအရုံး (BMTA) ၏
ပဉ္စမ အကြိမ်မြောက် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ ထုတ်ပြန်ကြေငြာချက်

နေ့စွဲ ။ ။ ၂၀၁၅ အောက်တိုဘာလ ၂၀ ရက်
တာခ့်ခရိုင် မဲဆောက်ဒေသအတွင်းရှိ ရွှေ့ ပြောင်း အလုပ်သမားတို့၏ ကလေးသူငယ်များ အတွက် ပညာရေးကို တာဝန်ယူနေကြသည့် ကျောင်းပေါင်း (၇၄) ကျောင်းမှ ဆရာ/ဆရာမ ( ၇၉၀) ကျော်တို့ သည် ပညာရေးလုပ်ငန်းများ အတူတကွဆောင်ရွက်ကြရန်အတွက် ရွှေ့ပြောင်းဒေသ ဆရာ/ဆရာမ များ အစည်းအရုံး ( Burmese Migrant Teachers’ Association ) ကို (၂၀၀၅) ခုနှစ်မှ စ၍ ဖွဲ့စည်း ခဲ့ကြသည်။
အစည်းအရုံး၏ ဦးတည်ချက်များမှာ – ရွှေ့ပြောင်းဒေသ ပညာရေး ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရန်နှင့် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ ပိုမိုပေါ်လွင်စေရန်ဖြစ်ပြီး ရည်ရွယ်ချက်များအနေဖြင့် ရွှေ့ပြောင်းဒေသရှိ ဆရာ/ဆရာမများ စည်းလုံး ညီညွှတ်ရေး၊ ဆရာ၊ ဆရာမများ၏ လုံခြုံရေးနှင့် ဘ၀ရပ်တည်ချက် ခိုင်မာရေး၊ ပညာရေးလုပ်ငန်းများတွင် ဆရာ/ ဆရာမ များ အချင်းချင်း၊ ကျောင်း အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ လေးစားယုံကြည်မှု ရရှိစေရေး၊ ဆရာ/ ဆရာမများ အတွက် ပညာရေးဆိုင်ရာ အတတ်ပညာ၊ အရည်အချင်းများ မြှင့်တင်ပေးရေး၊ ဂုဏ်သိက္ခာ ကာကွယ် မြှင့်တင် ပေးရေး၊ ကျောင်းနေရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ခွင့် ရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေးရန် နိုင်ငံတကာ အဖွဲ့ အစည်းများ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်စပ် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ပေသည်။
အစည်းအရုံး၏ ပထမအကြိမ် အလုပ်အမှုဆောင်အဖွဲ့ကို (၂၀၀၇) ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှ မတ်လ(၃) ရက်နေ့ အထိကျင်းပခဲ့သော ရွေးချယ်တင်မြှေက်ပွဲမှ ပထမသက်တမ်း ၂ နှစ်အတွက် ရွေးချယ် တင်မြှောက်ခဲ့ပြီး၊ ရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများ အစည်းအရုံး၏ အလုပ်အမှူဆောင် ရွေးချယ်တင်မြှောက်ပွဲများကို ၂၀၀၉ ခုနှစ်၊ ၂၀၁၁ခုနှစ်၊ ၂၀၁၃ခုနှစ်၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလ(၅) ရက် (ကမ္ဘာ့ဆရာများနေ့)တိုင်းတွင် (၂) နှစ်တကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့သည်။ ယခုအခါ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ပဉ္စမ အကြိမ်မြောက် အလုပ်အမှုဆောင် ရွေးချယ် တင် မြှောက်ပွဲ ကို ပြု လုပ်ကာ BMTA အား ၂၀၁၅ အောက်တိုဘာမှ ၂၀၁၇ အောက်တိုဘာ အထိ နောက် (၂) နှစ် သက်တန်းကာလအတွက် ဦးဆောင်ပေးရမည့် အောက်ပါ အလုပ်အမှုဆောင်သစ် ( ၁၁ ) ဦးနှင့် အရံအလုပ်အမှုဆောင် (၆) ဦး တို့အား ရွေးချယ် တင်မြှောက်ပွဲ တက်ရောက်ကြသည့် အဖွဲ့ဝင်ဆရာ၊ ဆရာမများမှ မိမိတို့၏ ဆန္ဒ သဘောထားအလျှောက် လွတ်လပ် ပွင့်လင်းစွာဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့ကြကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
ရွေးချယ်တင်မြှောက်ခံရသော အလုပ်အမှုဆောင်များနှင့် အရံအလုပ်အမှုဆောင်များ-
၁။ ဆရာမ ဒေါ်ရွှေစင်ဝင်း ဥက္ကဌ
၂။ ဆရာ မန်းရွှေနှင်း ဒုတိယဥက္ကဌ
၃။ ဆရာ ဦးနိုင်နိုင်ထွန်း အတွင်းရေးမှူး
၎။ ဆရာ ကျော်ဆန်း တွဲဘက်အတွင်းရေးမှူး/စည်းရုံးရေးတာဝန်ခံ
၅။ ဆရာမ ဒေါ်ဝါဝါမြင့် ဘဏ္ဍာရေးတာဝန်ခံ
၆။ ဆရာ ဦးနောနော် တွဲဖက် စည်းရုံးရေးတာဝန်ခံ
၇။ ဆရာ ဦးမင်းမင်း စီမံကိန်းတာဝန်ခံ
၈၊ ဆရာ ဦးဇော်ထက် စာရင်းစစ် (၁)
၉။ ဆရာမ ဒေါ်ဇူလိုင်မိုး စာရင်းစစ် (၂)
၁၀။ ဆရာ ဦးကိုရဲ ပြန်ကြားရေးတာဝန်ခံ
၁၁။ ဆရာ ဦးထိုက်သူအောင် ပြင်ပဆက်ဆံရေးတာဝန်ခံ
၁၂။ ဦးကောင်းမြတ် အရံ အလုပ်အမှူဆောင်
၁၃။ စောသာတော အရံ အလုပ်အမှူဆောင်
၁၄။ ဦဇော်လွင်ဦး အရံ အလုပ်အမှူဆောင်
၁၅။ ဦးမင်းမင်းသိန်း အရံ အလုပ်အမှူဆောင်
၁၆။ စအောင်ဇော်မင်း အရံ အလုပ်အမှူဆောင်
၁၇။ ဦးနိုင်လင်းထက် အရံ အလုပ်အမှူဆောင်

၂၀၁၅ ခုနှစ်၊ မြန်မာရွှေ့ ပြောင်းဒေသ ဆရာ၊ ဆရာမများအစည်းအရုံး
အလုပ်အမှုဆောင်အဖွဲ့ ၏ ဆုံးဖြတ်ချက် (၁/၂၀၁၅)
မြန်မာရွှေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံးအလုပ်အမှုဆောင်အဖွဲ့သည် ပညာရေး ဆိုင်ရာ လုပ်ငန်းများနှင့် အစည်းအရုံးအား အကြံဉာဏ်များပေးနိုင်ရေးအတွက် ( ၈ – ၁၀ – ၂၀၁၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်သော အလုပ် အမှု ဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော ( B.M.T.A ) ၏ အကြံပေးအဖွဲ့ ( Board of Advisory ) ကို ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အသိပေး အကြောင်းကြားအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့ ၏ ဆုံးဖြတ်ချက်အရ –
BMTA ၏ အကြံပေးအဖွဲ့ ဝင်များ
၁။ ဒေါက်တာစင်သီယာမောင်
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးသိန်းနိုင်
၎။ ဒေါ်ထက်ထက်အောင်
၅။ ဒေါ်သူဇာမိုး

( ဒေါ်ရွှေစင်ဝင်း)
ဥက္ကဌ
မြန်မာ့ရွှေ့ ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံး(BMTA)
ရက်စွဲ – ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်

This entry was posted in ထုတ်ပြန်ကြေငြာချက်, Burmese pages only. Bookmark the permalink.

Leave a comment