NLD ပညာရေး ကွန်ယက်မှ ရွှေ့ပြောင်းကျောင်းများသို့ ငွေကြေးများ လာရောက် လှူဒါန်း

education network 368education network 390education network 383 education network 364

ပညာရေးရန်ပုံငွေအဖြစ် အလှူခံ ရရှိထားသော ငွေကြေးများထဲမှ ကျပ်ငွေ ၁၂၈ သိန်းကျော်ကို ထိုင်းနိုင်ငံ တာ့ခ် ခရိုင်တွင်းရှိ ရွှေ့ပြောင်းကျောင်း အချို့ကို NLD ပညာရေး ကွန်ယက်မှ တာဝန်ရှိသူများက မြဝတီမြို့၊ မြဝတီ ဟော်တယ်တွင် ယခုလ ၂၇ ရက်နေ့က အခမ်းအနားဖြင့် လာရောက်လှူဒါန်း ပေးအပ်ခဲ့ပါသည်။

ထိုလှူဒါန်းပေးအပ်သော အခမ်းအနားသို့ မြန်မာ့ရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများ အစည်းအရုံး BMTA မှ တာဝန်ရှိသူများ၊ အလှူငွေ လက်ခံ ရယူမည့် ကျောင်းအုပ်များနှင့် ရွှေ့ပြောင်းကျောင်း ဆရာ၊ဆရာမများ၊ နယ်မြေခံ NLD ပါတီဝင်များနှင့် မြဝတီမြို့ ဒေသခံများ ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

NLD ပညာရေးကွန်ယက်မှ လှူဒါန်းငွေ ကျပ် ၁၂၀ သိန်းနှင့် စေတနာရှင်များက ထပ်မံဖြည့်စွက် လှူဒါန်းငွေ ကျပ် ၈သိန်းကျော်ကို ပညာရေး ကွန်ယက်မှ တာဝန်ရှိသူများက အောက်ပါအတိုင်း အလှူငွေလက်ခံသူများကို တိုက်ရိုက် ပေးအပ်လှူဒါန်းခဲ့ပါသည်။

၁။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အထိ လစာ မရရှိခဲ့သော ဆရာ၊ဆရာမ ပညာရေးဝန်ထမ်း ၄၉ ဦးအတွက် တစ်ဦးလျှင် ကျပ် နှစ်သိန်းစီနှင့် ၉၈ သိန်း၊

၂။ ပညာရေး ကွန်ယက်သို့ တိုက်ရိုက် အကူအညီ တောင်းခံထားသော BHSOH နှင့် ရောင်နီဦး ကျောင်းအတွက် ကျပ်ငွေ ၁၀ သိန်းစီနှင့် သိန်း ၂၀၊

၃။ မကြာသေးခင်က မီးဘေးသင့်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်ထားသော Sofia Western Park ကျောင်း အတွက် ကျပ်ငွေ ၅ သိန်း၊

၎။ SWA ကျောင်းအတွက် သီးခြား အလှူရှင် တစ်ဦးက လှူဒါန်းငွေ ဘတ် ၄၀၀၀ (ကျပ်ငွေ တစ်သိန်း တစ်သောင်းကျော်) နှင့်

၅။ BMTA ကုန်ကျစားရိတ်များ အတွက် လှူဒါန်းငွေ ကျပ်နှစ်သိန်း ဖြစ်ပါသည်။

ပညာရေးကွန်ယက်၏ ညှိနှိုင်းရေးမှူးနှင့် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သော ကိုဖြိုးမင်းသိန်းက “ပြည်တွင်းနိုင်ငံရေး အခြေအနေ အပြောင်းအလဲမှာ အလှူရှင်တွေရဲ့ စိတ်ဝင်စားမှုက ပြည်တွင်းကို ပိုအာရုံစိုက်လာနေတယ်။ နယ်စပ်ဒေသက ပညာရေး မှာရေးမှာလဲ အခက်အခဲတွေ အများကြီး ရှိနေတယ် ဆိုတာ သူတို့တွေ နားလည်စေချင်တယ်”ဟု ၂၆ ရက်နေ့ ညနေပိုင်းက ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းသို့ လာရောက် လည်ပါတ်ခဲ့စဉ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ပညာရေးကွန်ယက်၏ ညှိနှိုင်းရေးမှုးတစ်ဦးဖြစ်သူ ဒေါက်တာသိန်းလွင်က “နယ်စပ်ဒေသ ကျောင်းအားလုံးလိုလိုမှာ အခက်အခဲတွေ အများကြီးရှိနေတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လှူဒါန်းပေးနိုင်မယ့် ပမာဏက အကုန်လုံးကို ကူညီဖို့ မတတ်နိုင်သေးတော့ လက်ရှိ အခက်အခဲ ဖြစ်နေဆုံး လစာလုံးဝ မရသေးတဲ့ ကျောင်းတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ” အခမ်းအနားတွင် ရှင်းလင်းပြောပြခဲ့သည်။

BMTA ၏ အထွေထွေ အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက “အလှူငွေတွေ ရရှိတာထက် အခုလို တန်ဖိုးထား လာရောက်ကူညီတာ၊ အသိအမှတ် ပြု ခံရတာ ပိုပြီးဝမ်းသာတယ်။ နှစ်ပေါင်းများစွာ ဘာအကျိုးမှ မမျော်လင့်ပဲ နာသုံးနာနဲ အနစ်နာခံ ဆောင်ရွက်ခဲ့ကြတဲ့ ကွန်တော်တို့ ရှေ့က ဆောင်ရွက်သွားခဲ့ကြတဲ့ ဆရာ၊ ဆရာမကြီးတွေ၊ လက်ရှိ ဆရာ၊ဆရာမတွေရဲ့ လုပ်ဆောင်မှုတွေနဲ့၊ နယ်စပ်ပညာရေးကို အခုတန်ဖိုးထား နားလည်ပေးတာ အရမ်းဝမ်းသာတယ်” ဟုပြောကြားခဲ့သည်။

အခမ်းအနားတွင် ပညာရေးကွန်ယက်၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက် ကို ဖြေကြား ခဲ့ရာတွင် ဒေါက်တာသိန်းလွင်က ”မြန်မာနိုင်ငံ ပညာရေးကို တက္ကသိုလ်တွေက စပြီး အဆင့်မြှင့်သွားဖို့ ပြင်ဆင်နေတယ်။ ၁၀ တန်းအောင်မှတ်နဲ့ တက္ကသိုလ်ဝင်ခွင့်ကို သတ်မှတ်တာမဟုတ်ပဲ ဝင်ခွင့်စာမေးပွဲ ပုံစံနဲ့ သွားမှာဖြစ်တယ်။ အဲဒီအခါမှာ ဒီနယ်စပ်ဒေသက ကလေးတွေလဲ ဝင်ခွင့် စာမေးပွဲဖြေ ဆိုနိုင်ခွင့်နဲ့ အောင်မြင်တဲ့ တက္ကသိုလ်မှာ တက်ရောက်နိုင်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်” ဖြေကြားသွားခဲ့သည်။

အခမ်းအနားတွင် ဦးနိုင်နိုင်ထွန်းမှ နယ်စပ် ပညာရေးအတွက် လက်ရှိစိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပညာရေးကွန်ယက်မှ နယ်စပ်ပညာရေး ပိုမိုကောင်းမွန် တိုးတက်လာရေးအတွက် လိုအပ်သော နည်းပညာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် ပန်ကြားခဲ့သည်။

အခမ်းအနားသို့ ရွှေ့ပြောင်းဒေသ ကျောင်းများမှ ကျောင်းတာဝန်ခံနှင် ဆရာ၊ဆရာမ ၃၃ ဦးသွားရောက်ခဲ့ပါသည်။

This entry was posted in သတင်း, Burmese pages only. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s