ရွှေ့ပြောင်းပညာရေးဒေသ ဘာသာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ

၃၀၊ ဇူလိုင်၊ ၂၀၁၁ ။

မြန်မာ့ရွှေပြောင်းဒေသ ဆရာ၊ဆရာမများ အစည်းအရုံး (BMTA) နှင့် World Education ၊ Curriculum project တို့ ပူးပေါင်း၍ မြန်မာ့ရွှေ့ပြောင်းဒေသ ဆရာ၊ဆရာမများ၏ သမိုင်းနှင့် သိပ္ပံ ဘာသာရပ် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်ပွဲ အခမ်းအနားကို မဲဆောက်မြို့ CDC အထက်တန်းကျောင်းတွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ရွှေ့ပြောင်း ဒေသ ကျောင်းပေါင်း ၂၀ မှ ဆရာ၊ဆရာမ ၄၇ ဦး တက်ရောက်ကြပါသည်။
ထိုအခမ်းအနားသို့ BMTA ဥက္ကဌ ဆရာ မန်းရွှေနှင်း နှင့် BMTA မှ တာဝန်ရှိသူများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ကလေးကာကွယ်စောင့်ရှောက်ရေး နက်ဝပ် (CTDCEP) မှ ဆရာဦးသိန်းနိုင်နှင့် ဆရာမောင်မောင်ကြီး၊ World Education မှ မစ္စတာ ဂရက်၊ Curriculum Project မှ တာဝန်ရှိသူများနှင့် ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ တက်ရောက်ကြပါသည်။
သမိုင်း ဘာသာရပ် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာ့သမိုင်း သင်ရိုးညွှန်းတမ်းများနှင့် ပါတ်သက်၍ PHD စာတမ်းပြုစုနေသူ ဆရာမ ရိုစ့်က ဦးဆောင်ဆွေးနွေးပြီး၊ သိပ္ပံ သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံ ပိုလီ တက္ကနစ်ကျောင်းတွင် သိပ္ပံဘာသာရပ်ဆရာမနှင့် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ပါဝင်ခဲ့သူ ဆရာမ စိုးစိုးက ဦးဆောင်ဆွေးနွေးကြပါသည်။


သမိုင်းဘာသာရပ် အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်နေသူ Love& Care ကျောင်းမှ ဆရာ ရှိးရှီုထွန်းက “ ကျွန်တော့ကို ၁၉၄၇ ခုနှစ် မှာ မွေးပါတယ်။ ကျွန်တော် ကရင်လူမျိုးတစ်ယောက်  အနေ နဲ့ ဖြတ်သန်း တွေကြုံ လာခဲ့ရတဲ့ သမိုင်းဆိုင်ရာ တွေကို ပါဝင်ဆွေးနွေး ဖို့ရယ် ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက် လာရေးဆိုတဲ့ ရှုထောင့်ကနေ ပါဝင်ဆွေးနွေးပါမယ်။ အခုလို မျိုးဆွေးနွေးပွဲတွေ လုပ်ပေးတာ အရမ်းကောင်းတယ်။ မကြာခဏ ဆိုသလို လုပ်ပေးသင့်ပါတယ်။  ပါဝင်တက်ရာက်ကြသူတွေ အားလုံး ပါဝင်ပြီး ပိုမိုဆွေးနွေးနိုင်ကြဖို့နဲ့ ဒီဆွေးနွေးချက်တွေကို စာအုပ် စာတမ်းတွေ အဖြစ် ထုတ်ဝေ သွားနိုင်ရင် ပိုကောင်းပါတယ်။ ” ဟု ပြောပြခဲ့သည်။


သိပ္ပံ သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနေးပွဲတွင် တက်ရောက်နေ သူ BHSOH ကျောင်းမှ ဆရာမ နန်းခင်ဦး က အခုလိုဆွေးနွေးပွဲတွေ တက်ရောက်ရတဲ့ အတွက် ကလေးတွေ အပေါ်မှာ ထားရှိသင့်တဲ့ သဘောထား၊ သူတို့ကိုယ် သူတို့ ယုံကြည် မှုတွေ မြင့်မား လာစေ ဖို့နဲ့ ပြင်ပဘဝမှာ ပြဿနာဖြေ ရှင်းတာတွေ၊ အများနဲ့ ပါဝင်ဆက်ဆံနိုင်ရေးတွေ အတွက် ဘယ်လို ဆောင်ရွက် သင်ကြားပေးသင့်တယ် ဆိုတာတွေ သိလာရပါတယ်။ ကျမတို့မှာ လတ် တ လောတော့ အခက်အခဲတွေ အများကြီး ရှိပါသေးတယ်။ သင်ထောက်ကူ အခက်အခဲ၊ နေရာထိုင်ခင်း အခက်အခဲ စတာ မျိုးတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဆွေးနွေးပွဲတွေ တက်ရတဲ့အတွက် ဗဟုသုတ အများကြီးရပါတယ်။” ဟု ပြောပြခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲများကို ၂ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲများကိုလည်း စဉ်ဆက် မပြတ် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါသည်။

This entry was posted in လှုပ်ရှားမှုများ, သတင်း. Bookmark the permalink.

One Response to ရွှေ့ပြောင်းပညာရေးဒေသ ဘာသာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ

  1. tinmoenaing says:

    ကလေးသူငယ်အကါအကွယ်ပေးရေးစီမံချက် အသိပညာပြန့်ပွားရေးအစည်းအဝေးပွဲများနှင့်ပတ်သက်သော အကြောင်းအရာများလေ့လာလိုပါသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s