အကြွေစောခဲ့ရှာသော မိုက်ဂရန့်ပညာရေး ဥယာဉ်မှူး ဆရာမန်းသန်းထူး အမှတ်တရ

အကြွေစောတဲ့ ဥယာဉ်မှူး

ရဲဘော်ကြီးရေ

အရင်သွားနှင့်ပေါ့

အားလုံး

ဒီလမ်းကို သွားရမှာပါ။

ငါတို့လည်း

တချိန်ချိန်မှာ လိုက်ခဲ့ပါ့မယ်။

ဒါပေမယ့်…

ရဲဘော်ကြီးသွားတာ

မြန်လွန်းအားကြီးတယ်

စောလွန်းတယ်ဗျာ။

နေ့မြင်ညပျောက်ဆိုတာ

အခုမှလက်တွေ့ပါလားဆိုပြီး

ယူကြုံးမရ ဖြစ်ရတယ်။

ရဲဘော်ကြီးရဲ့

ချစ်စရာကောင်းတဲ့ဟန်

ပြုံးပြုံးလေးပြောခဲ့တဲ့စကားသံ

အားနာတတ်တဲ့စရိုက်

ဖြူစင်လွန်းတဲ့စိတ်ထားနဲ့

ရိုးသားတဲ့ဟန်ပန်တွေကို

တို့… ဘယ်လိုမေ့လို့ရမှာလဲ…?

မှတ်မိနေသေးတယ်

ရဲဘော်ကြီးပြောခဲ့တဲ့ စကားတခွန်းပါ

BMTA မှာပေါ့

“ငါကတော့

စကားများများ မပြောတတ်ဘူး

နင်တို့ခိုင်းတာတွေ

အကုန်လုံး ငါလုပ်မယ်” တဲ့။

အဲဒီလို..ရိုးသားမှု

အဲဒီလို…အနစ်နာခံမှု

အဲဒီလို..ဖြူစင်မှုတွေ

ဘယ်မှာလိုက်ရှာရမှာလဲ။

ငါတို့တတွေ

နောက်ဆုံးတွေ့ခဲ့တာ

ရဲဘော်ကြီးရဲ့

ရိုးသားတဲ့

မျက်ဝန်းတစုံထဲမှာပေါ့။  ။

မင်းမင်း (SAW School)

ဆရာမန်းသန်းထူးအတွက် အမှတ်တရ ကဗျာကို  SAW High School ၏ Coordinator  ဆရာမင်းမင်းမှ ရေးဖွဲ့ခဲ့ပြီး ယနေ့ MCT ၏ ငါးရက် မြောက်နေ့နှင့် နောက်ဆုံးနေ့အဖြစ်ကျင်းပသော လူမှုရေးဘာသာရပ်နှင့် သမိုင်းဘာသာရပ်သင် ဆရာ/မ များ၏ အလုပ်ရုံဆွေးနွေးပွဲမစခင် ကျင်းပ ခဲ့သော ဆရာမန်းသန်းထူးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်း အနားတွင် စေတနာကျောင်းမှ ဆရာဖိုးချိုက ဖတ်ကြားပေးခဲ့ပါသည်။

ထိုအခမ်းအနားတွင် BMTA ဥက္ကဌ ဆရာမန်းရွှေနှင်းမှ ဆရာမန်းသန်းထူး နှင့် ပါတ်သက်သော အမှတ်တရ စကားကို ပြောကြားပေးခဲ့ပြီး အခမ်းအနား ကို တက်ရောက်နေသူ ဆရာ/မ များက ဆရာမန်းသန်းထူးအတွက် ဝမ်းနည်း ခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက် ဂုဏ်ပြုခဲ့ ကြပါသည်။

ဆရာမန်းသန်းထူးသည် မိုက်ဂရန့် ပညာရေးလောကသို့ ၁၉၉၂ ခုနှစ်က ကျောင်းတာဝန်ခံ အဖြစ်စတင် ဆောင်ရွက်ခဲ့ပြီး ၊ သူတည်ထောင်ခဲ့သော ဝှေးကလုတ် အလယ်တန်းကျောင်းနှင့် Love&Care အထက်တန်း ကျောင်းကိုပါ တည်ထောင်၍ မိုက်ဂရန့်ကလေးငယ်များအတွက် ပညာပါရမီ ဖြည့်ပေးခဲ့ ပါသည်။ သူကွယ်လွန်ခဲ့ ချိန်တွင် သူ၏ ဝှေးကလုတ် အလယ်တန်း ကျောင်းတွင် ကျောင်းသား ၄၀၀ နီးပါးနှင့် Love & Care အထက်တန်း ကျောင်းတွင် ကျောင်းသား၈၀ကျော် ပညာသင်ကြားနေပြီး အဆောင် ကျောင်းသား ၂၀၀ ကျော်ကို တာဝန်ယူင်္ပြီး ပညာသင်နိုင်ရန် စီစဉ်ဆောင် ရွက်ထားခဲ့ကြောင်း သူ၏ လုပ်ဖေါ်ကိုင်ဘက်များက ပြောပြ ခဲ့ပါသည်။

This entry was posted in ထုတ်ပြန်ကြေငြာချက်, Burmese pages only. Bookmark the permalink.

Leave a comment