လွတ်မြောက်ဆဲ မြန်မာကလေးများစိုးရိမ်

ဧပြီ ၂၆

မလေးရှားနိုင်ငံက လန်တန်းပြည်နယ် တန္တာမေရ လူဝင်မှု စခန်းထဲတွင် ဖမ်းဆီး ထိမ်းသိမ်းခံနေဆဲ ဖြစ်သော မြန်မာကလေးငယ် ၆ဦးတို့အား လူကုန်ကူးသူများက ခြိမ်ခြောက်ပြောဆိုသလို ချော့မော့ပြောဆိုခြင်း ရှိနေကြောင်း သိရှိရသည်။

ယမန်နေ့က ဖမ်းဆီးထိမ်းသိမ်းခံထား ရသူများအနက် အသက်အကြီးဆုံးဖြစ်သည့် ၁၄နှစ်အရွယ် မင်းယုစန်းအား မလေးရှားမှ လူကုန်ကူးသူများက ဖုန်းဆက်လာခဲ့ သည်။

“ကျနော့်ကို ကျော်သူလင်းရဲ့ သူဌေး မဲလုံးက ဖုန်းဆက်လာတယ်၊ နင်တို့ သတင်းတွေ၊ ဗမာပြည်က တီဗွီထဲမှာရော၊ သတင်းစာတွေမှာပါ ထွက်နေပြီတဲ့၊ ကျနော်တို့ အတွင်းထဲကနေ အပြင်ကို ဆက်သွယ်နေတာကို သူတို့ သိရှိထားပြီးဖြစ်တယ်ပေါ့။ ကျနော်တို့ကို လာကယ်ထုတ်တဲ့အဖွဲ့တွေနဲ့  လိုက်မသွားနဲ့ လိုက်သွားရင်သူတို့ ရောင်းစားလိမ့်မယ်ဆိုပြီးတော့ ပြောပါတယ် ၊ ကျနော်တို့ သွားမယ်ဆိုရင် မြန်မာသံရုံးကို သူတို့ လေယာဉ်စရိတ်ပေးပြီး ပြန်ပို့ပေးမယ်ဆိုပြီးတော့လည်း ပြောပါတယ်”ဟု မင်းယုစန်းက ပြောသည်။

အဆိုပါ ကလေးငယ်များ သတင်းအချက်အလက်များအား ပေးပို့ကူညီ နေသူ တစ်ဦးက “ဒီကလေးတွေကို မြန်မြန် လွတ်မြောက်သွားစေချင်ပါတယ်။ အစောင့်တွေက တစ်ဆင့် ကြားရတာက အမျိုးသမီး ဆောင်မှာ နေတဲ့ အသက်၁၀နှစ်အရွယ် မအေးမြထွေးကို လာမယ့် မေလ ၅ ရက်နေ့မှာ အမျိုးသမီးတစ်ယောက် လာထုတ်မယ်လို့ ကြားတယ်။ နောက်ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ်ပါတယ်”ဟု ပြောသည်။

မလေးရှားနိုင်ငံ တန္တာမေရစခန်းတွင် ဖမ်းဆီးခံနေရသည့် မြန်မာကလေး ၆ ဦး၏ အချက်အလက်များမှာ

(၁)အမည်။ ။မအေးမြထွေး

အသက်။ ။၁၀နှစ်

ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၃၂၆

မိဘအမည်။ ။ဦးဖိုးသိန်း၊ဒေါ်ကုလားမ

နေရပ်။ ။ဘု၇ားလမ်း၊ရွှေဘုံသာရပ်ကွက်၊မတ္တရာမြို့ ၊မန္တလေးတိုင်း

(၂)အမည်။ ။ကျော်သူလင်း။

အသက်။ ။ ၁၂နှစ်

ထောင်ကျကိုယ်ပိုင်နံပါတ်။ ။ ၅၃၅၄၆

မိဘ။ ။ဦးဇေါ်လင်း။ဒေါ်အေးမြစိန်။

နေရပ်။ ။ရွှေဘုံသာရပ်ကွက်၊ဘုရားလမ်း၊မတ္တရာမြို့ ၊မန္တလေးတိုင်း။

(၃)အမည်။ ။တင်မျိုးထက်။

အသက်။ ။၁၂ နှစ်

ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၃၂၉

မိဘ။ ။ဦးဖိုးညီ၊ဒေါ်ခင်လေးရည်

နေရပ်။ ။ပျဉ်ပုံကြီးကျေးရွာ၊ကျောက်ကုန်းမြို့ နယ်၊ဧရာဝတီတိုင်း။

(၄)အမည်။ ။နေလင်းဦး

အသက်။ ။၁၂နှစ်

ထောင်ကျကိုယ်ပိုင်နံပါတ်။ ။ ၅၃၅၄၄

မိဘ။ ။ဦးလွင်မြင့်၊ဒေါ်စန္ဒာဌေး

နေရပ်။ ။န၀ဒေးပတ်လမ်း။၇/ရပ်ကွက်၊လှိုင်သာယာ၊ရန်ကုန်တိုင်း

(၅)အမည်။ ။အောင်ကိုဝင်း

အသက်။ ။၁၂နှစ်

ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၅၄၉

မိဘ။ ။ဦးသာလှိုင်၊ဒေါ်မျိုးမျိုးစိန်

နေရပ်။ ။န၀ဒေးပတ်လမ်း။ ၇/ ရပ်ကွက်။လှိုင်သာယာ၊ရန်ကုန်တိုင်း

(၆)အမည်။ ။မင်းယုစန်း

အသက်။ ။၁၄နှစ်

ထောင်ကျကိုယ်ပိုင်နံပါတ်။ ။၅၃၅၄၅

မိဘ။ ။ဦးယုလွင်၊ဒေါ်နုနုခင်

နေရပ်။ ။သက်ငြိမ်ရပ်ကွက်၊ဒလ၊အမက၁၄အနီး၊ဒလမြို့ ရန်ကုန်တိုင်းတို့မှ ဖြစ်ကြ သည်။

မင်းယုစန်းမှာ မူဆလင်တစ်ဦးဖြစ်ပြီး ကျန်ကလေး၅ဦးတို့မှာ ဗမာကလေးငယ်များ ဖြစ်ကြသည်။ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ကျနော်တို့ အပူတပြင်း ဆောင်ရွက်နေပါတယ်။ မလေးရှားက လူ့အခွင့်အရေး လှုပ်ရှား သူတွေက တဆင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနဲ့ တိုက်ရိုက်ဆက်စပ် ဆောင်ရွက် နေပါတယ်။  မက်ဖေါင်ဒေးရှင်း ဒါရိုက်တာတို့နဲ့ ညှိနှိုင်းပြီးတော့ပေါ့လေ။ ကလေးမိဘတွေ ဘက်က ဘာမှ ဆက်သွယ်လာတာ မရှိတော့ မလေးရှားက ရှေ့နေ တို့ကိုပဲ ပြန်ပြီးတော့ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲလို့ ပြန်တိုင်ပင်နေကြပါတယ်။ ဘာပဲပြောပြော ကလေးတွေ မကြာခင်လွတ်လာပြီးတော့ မိဘတွေဆီကို ပြန်ရောက်မယ်လို့ တော့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ကလေးတစ်ဦးချင်းစီတို့၏ ပြောပြချက်အရ၊ လူကုန်ကူသူများမှာ မူဆလင် ဘာဝင်များဖြစ်ပြီး။ အချို့ကို လေယာဉ်၊ အချို့ကို ရန်ကုန်မှ ရထားများဖြင့် ကော့သောင်းသို့ ရောက်ရှိအောင် ခေါ်ဆောင်လာခဲ့ပြီး ကော့သောင်းမှ တဆင့် လက်ဆင့်ကမ်း လူကုန်ကူးကာ မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။

This entry was posted in သတင်း. Bookmark the permalink.

One Response to လွတ်မြောက်ဆဲ မြန်မာကလေးများစိုးရိမ်

  1. Pingback: လွတ်မြောက်ဆဲ မြန်မာကလေးများစိုးရိမ် « Saffron People’s Movement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s