အာဆီယံပါလီမန်အမတ်များအဖွဲ့ AIPMC မှ တာဝန်ရှိသူများနှင့် မိုက်ဂရန့်ဒေသ ပညာရေး အဖွဲ့အစည်းများတွေ့ဆုံ

မတ် ၈၊ ၂၀၁၀။

မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ AIPMC ဥက္ကဌ ထိုင်း လွှတ်တော် အမတ် မစ္စတာနိုင်ကရိုင်ဆတ် ချွန်ဟာဗန် ဦးဆောင်သော အဖွဲဝင် များသည် ယနေ့ နံနက် ၁၀နာရီ ၃၀ခန့်က CDC ကလေးများ ဖွံ့ဖြိုး တိုးတက်ရေး စင်တာတွင် မိုက်ဂရန့် ပညာရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုအခမ်းအနားသို့ မယ်တော်ဆေးခန်း၏ ဒါရိုက်တာနှင့် CDC ကျောင်းပညာရေး ကော်မတီ ဥက္ကဌ ဒေါက်တာစင်သီယာမောင်၊ မြန်မာ့ရွှေ့ပြောင်း လုပ်သားများ ပညာရေး ကော်မတီ ဥက္ကဌ နော်ဖေါရေနှင့် ကော်မတီဝင်များ ၊ မြန်မာရွေ့ပြောင်းဒေသ ဆရာ၊ ဆရာမများ အစည်းအရုံး ဥက္ကဌ မန်းရွှေနှင်းနှင့် ကော်မတီဝင်များ ၊ ထိုင်း ပညာရေးဌာန MOE နှင့် ထိုင်းကျောင်းအချို့မှ တာဝန်ရှိသူများ၊ SAW (Social Action for Women ) ကျောင်းမှ တာဝန်ရှိသူများ အပြင် CDC အပါအဝင် မဲဆောက် ဒေသရှိ ကျောင်းများမှ ကျောင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြ ပါသည်။


အခမ်းအနားတွင် BMWEC ဥက္ကဌ ဆရာမ နော်ဖေါရေမှ ကျေးဇူးတင် နုတ်ခွန်း ဆက် စကား ပြောကြားခဲ့ပြီး BMWEC မှ နော်လားရှီးက မိုက်ဂရန့်ကျောင်းများ ဖြစ်ပေါ်လာပုံနှင့် လက်ရှိ အခြေအနေများကို ဆလိုက်ရှိုးဖြင့် ရှင်း လင်း ပြသပါသည်။ ထိုင်းပညာရေးဌာန MOE မှ မစ္စမနီးထာမှ ထိုင်းပညာရေးဌာန၏ ဆောင်ရွက်နေမှုများနှင့် လက်ရှိ မိုက်ဂရန့် ကျောင်းများ၏ ရင်ဆိုင်နေရသော အခြေအနေများကို ရှင်းလင်းသွားခဲ့ပါ သည်။
အာဆီယံပါလီမန်အမတ်များအဖွဲ့ AIPMC မှ ပါလီမန် အမတ်များက နှုတ်ခွန်းဆက် စကားများပြောကြားခဲ့ပြီး အာဆီယံပါလီမန်အမတ်များအဖွဲ့ AIPMC ဥက္ကဌ ထိုင်း လွှတ်တော်အမတ် မစ္စတာနိုင်ကရိုင်ဆတ် ချွန်ဟာဗန်က ပညာရေး၏ အရေး ကြီး ပုံနှင့် သူတို့ ထိုင်းနိုင်ငံ နယ်စပ်သို့ လာရောက်ကြရခြင်း၏ ရည်ရွယ်ချက်ကို ရှင်း လင်း ပြောပြခဲ့ပါသည်။
မစ္စတာနိုင်ကရိုင်ဆတ် ချွန်ဟာဗန်က “ ပညာရေး မရှိခြင်းသည် အန္တရာယ်ကြီးသလို လွဲမှားသော ပညာရေးသည်လည်း အန္တရာယ်ကြီးပါကြောင်း ၊ ကလေးများ၏ ပညာရေး တိုးတက်ရေးအတွက် မိုက်ဂရန့်ဒေသရှိ ပညာရေး အဖွဲ့အစည်းများက ယခုကဲ့သို့ စုစည်းညီညွတ်စွာ ဆောင်ရွက်နေခြင်းကို အားရကျေနပ်မိကြောင်း ထို့ အတူ ထိုကလေးများ၏ မိဘများဖြစ်သော မိုက်ဂရန့် အလုပ်သမားများသည် ထိုင်း နိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပေးနေသူများ ဖြစ်ပါသည် ” ဟု ပြောပြသွား ခဲ့ပါသည်။

မစ္စတာနိုင်ကရိုင်ဆတ် ချွန်ဟာဗန်နှင့် အဖွဲ့သည် CDC ကျောင်းမှ ပြန်လည် မထွက် ခွာမှီ ကျောင်းစာသင်ခန်းများကို CDC ကျောင်းသား၊ ကျောင်းသူများနှင့် အတူ လှည့်လည် ကြည့်ရှုခြင်း၊ ဆရာ၊ ဆရာမများ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်း နှီးနှီး နုတ်ဆက် စကား ပြောခဲ့ကြပြီး နေ့လည် ၁၂နာရီ ၃၀ခန့်တွင် CDC ကျောင်းမှ ပြန်လည်ထွက်ခွာ သွားခဲ့ပါသည်။

သတင်းနှင့် ပြန်ကြားရေးဌာန (BMTA)

This entry was posted in သတင်း, Burmese pages only. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s