World Teacher Day & BMTA Conference
BMTA  held the world teacher’ day  and the second election for executive committee on 4th and 5th October 2009, 11 new executive committee members were elected with the free will and with democratic principles by all the teachers who attended the Election Day.
၂၀၀၉ အောက်တိုဘာလ ၄ရက်နှင့် ၅ရက် နေ့က မြန်မာရွှေ့ပြောင်း ဆရာ ဆရာမများ ညီလာခံနှင့် ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားကို CDC ကျောင်းတွင် ကျင်းပခဲ့ကြပါသည်။
ထို့အတူ BMTA ၏ နောက်ထပ် နှစ်နှစ် သက်တမ်းအတွက် အီးစီ ၁၁ယောက်ကိုလည်း ဒီမိုကရေစီ နည်းလမ်းတကျ မဲပေးရွေးချယ်ခဲ့ကြပါသည်။
၂၀၀၉ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ နှင့် ရွှေ့ ပြောင်းဒေသဆရာ၊ ဆရာမများ အစည်းအရုံး အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားသို့  တင်သွင်းသော ဥက္ကဌ၏ မိန့် ခွန်း
ကျက်သရေမင်္ဂလာအပေါင်းခညောင်းပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သပါရစေ။
လေးစားအပ်တဲ့ ထိုင်းပညာရေးဆိုင်ရာအကြီးအကဲများ၊ရွှေ့ ပြောင်းဒေသ ပညာရေးကော်မီတီဝင် အကြီးအကဲများ၊ အစည်းအရုံးဝင် ဆရာ၊ ဆရာမများနှင့် အခြား ပညာရေး လုပ်ဖေါ်ကိုင်ဖက်များ ခင်ဗျား –
ဒီနေ့ ဟာ အင်မတန်မှ ကျေနပ်အားရဖွယ်ရာနေ့ မြတ်ဖြစ်သလို တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ ဆရာများ နေ့ ကို စံပြုပြီး ရွှေ့ ပြောင်းဒေသ ဆရာ/ ဆရာမတွေ စုဆုံကြတဲ့နေ့  BMTA ရဲ့ ဒုတိယ အကြိမ်မြောက် အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေနှင့် ယှဉ်တွဲတဲ့နေ့  ဖြစ်တာကြောင့် ထူးဆန်းတဲ့နေ့ ရက်တစ်ခုပါ။
ဒီလိုရက်မြတ်မှာ မိမိရဲ့အမြင်၊ အဖွဲ့ ရဲ့အမြင်နှင့် ရင်တွင်းဖြစ်စကားတွေကို တင်ပြခွင့်ရတဲ့ အတွက် ကျေးဇူး အနန္တပါ။
တကယ်တော့ ကမ္ဘာ့ဆရာများနေ့ ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျောင်းဆရာ/ ဆရာမ များကို အထူး တလှယ် ဂုဏ်ပြုတဲ့အနေနဲ့  ကမ္ဘာ့ကုလ သမဂ္ဂ ယူနက်စကိုရဲ့ ကမကဌပြုပြီး ၁၉၉၃ ခုနှစ်ကတည်းက အောက်တိုဘာလ (၅)ရက်နေ့ ရောက်တိုင်း သန်းပေါင်းများစွာ တည်ရှိနေတဲ့ ကျောင်းဆရာ၊ ဆရာမ တွေကို ချီးမြှင့်ဂုဏ်ပြုတဲ့အနေနဲ့ ၊ ဆရာ ဆရာမ များရဲ့ စေတနာ၊ အနစ်နာတွေကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ အထူးအစီအစဉ် တစ်ခု သဖွယ် တန်ဖိုးထားပြီး ပုံမှန်ကျင်းပ ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ကျောင်းဆရာ၊ ဆရာမများအတွက် ကြည်နူး၊ ပီတိဝေဖြာရတဲ့ နေ့ ရက်တစ်ရက်ပါ။ ကျနော် တို့ရဲ့ BMTA ဟာ ဆရာ၊ ဆရာမတွေရဲ့ နှလုံးသည်းပွတ်က ထွက်ပေါ်လာတဲ့ အစည်းအရုံး တစ်ခု ဖြစ်ပါတယ်။ ဒီအောက်တိုဘာထဲမှာဘဲ စတင်ဖွဲ့ စည်းတည်ထောင်ခဲ့တာဖြစ်သလို ဆရာ၊ ဆရာမ များရဲ့ လိုအပ်ချက် ဆန္ဒနှင့်အညီ ပေါ်ထွက်လာရတဲ့ အစည်းအရုံးတစ်ခု ဖြစ်ပါ တယ်။
  • ဆရာ/ဆရာမ အချင်းချင်း စုစည်း ညီညွှတ်စေ။ ဆရာ/ ဆရာမများရဲ့  ဂုဏ်သိက္ခာကို ထိန်းသိမ်း မြှင့်တင်စေ။
  • အရည်အသွေးပြည့်ဝပြီး နာသုံးနာနှင့်ပြည့်စုံတဲ့ ပညာရေးဝန်ထမ်းတွေ ဖြစ်ထွန်းစေ။
  • ပညာရေးတွင် ဆရာ/ဆရာမအချင်ချင်း ရိုင်းပင်းကူညီစေ။
  • အခြေအနေအရ မိမိတို့ ဆရာ/ဆရာမများရဲ့ ဘ၀လုံခြုံရေးနှင့် အဆင်ပြေချောမွေ့ ရေး အတွက် တတ်အားသ၍ ဆောင်ရွက်နိုင်စေ။
  • ကလေးတိုင်းအတွက်ပညာအမွေမျှဝေပေးနိုင်စေ။
  • နိုင်ငံတကာ၊ ဒေသဆိုင်ရာအဖွဲ့ အစည်း များနှင့် လိုက်လျောညီထွေ ဆက်စပ် ဆောင်ရွက်နိုင် စေ စတဲ့ စံနှုန်းတွေနဲ့ အခိုင်အမာ ရည်ရွယ်ပြီး ဖွဲ့ စည်းတည်ထောင်ထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။
အစည်းအရုံးရဲ့ တန်ဖိုးနှင့်သိက္ခာဆိုတာဟာ တန်ဖိုးကြီးမားပြီး လွတ်လပ်တဲ့ အသွင်လည်း ဆန်ပါတယ်။ ဒါကြောင့် ဆရာ/ဆရာမအများစုအသင်းဝင်နိုင်ရေးကို ကနဦး ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ တကယ်တော့အသင်းအဖွဲ့ ဆိုတာ အသင်းဝင်ရှိရင် အသင်းအပေါ် စံပြုလောက်တဲ့ အသင်းဝင်ကြေး ရှိရပါမယ်။ ဒါပေမယ့် အသင်းဝင်ကြေး ထည့်နိုင်ခြေ မရှိခဲ့တာ အများအပြားကြောင့် ၀င်ကြေးမဲ့ အဖွဲ့  အစည်း အဖြစ်ရပ်တည်လာခဲ့ရပါတယ်။ ဖြတ်သန်းမှု အတိုင်းအတာအတွင်း အခက်အခဲမျိုးစုံ ရင်ဆိုင် ကြုံတွေ့ ရပြီး၊ ပါဝင်ပူးပေါင်းလုပ်ဆောင်မှုအားတွေ့ အရှိန်ပျော့ပျော့လေးနဲ့ တည်ငြိမ်မှု ရှိလာအောင် ကြိုးစားလုပ်ဆောင်ခဲ့ကြတာပါ။ တစ်ဖက်ကလည်း အဖွဲ့ ဝင်များဟာ မိမိရဲ့ လုပ်ငန်း ကိုယ်စီ၊ သင်ကြားအုပ် ချုပ်မှုကိုယ်စီနဲ့ ကြိုးစားရပ်တည်ရမှု အဖုံဖုံကြောင့်လည်း ပါဝင် ပါတယ်။ အချိန်ပြည့် တာဝန်ယူ ထမ်းဆောင်နိုင်ဖို့ အခြေအနေ မပေးနိုင်ခဲ့ဘဲ အားလပ်တဲ့ အချိန်တစ်ချို့ ကို အသုံးပြုပြီး လုပ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ ပညာရေး ခေါင်းဆောင်များနှင့် လုပ်ဖေါ်ကိုင်ဖက် ဆရာ/ ဆရာမ အပေါင်းတို့ ခင်ဗျား ………..
BMTA ဆိုတာ ဆရာ/ဆရာမများရဲ့ ပုဂ္ဂလိကဂုဏ်ပုဒ်ဖြစ်သလို စုစုစည်းစည်း သိုက်သိုက် ၀န်းဝန်း တည်ရှိနေတဲ့ အနန္တဂိုဏ်းဝင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြွယ်ဝတဲ့၊ ဂုဏ်အရှိန်အ၀ါ ကြီးမားတဲ့ ပညာအလင်းဆောင်သူတွေ စုဖွဲ့ ထားတဲ့ အစည်းအရုံးတစ်ခု ဖြစ်ပါတယ်။ ဆရာ/ ဆရာမ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင် ကာကွယ် ပေးတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ ဆရာ/ဆရာမတိုင်းရဲ့ ခံယူချက်နဲ့  ပေးဆပ် နိုင်မှု အပေါ် အခြေခံပြီး အစည်းအရုံး ရဲ့ ရပ်တည်မှုကလည်း တည်မှီနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် BMTA ဟာ ဆရာ/ဆရာမတိုင်းရဲ့ အသက် ဖြစ်ပြီး အခြားကြိုးစား ရပ်တည် ရမှုတွေဟာ ဂုဏ်သိက္ခာနဲ့ အရည်အသွေးတွေကို မြှင့်တင်ခြင်း သာဖြစ်ပါတယ်။ ရှိပြီးသား ဂုဏ်ပုဒ်ကို ခြယ်သခြင်းနှင့် တောက်ပြောင် လာအောင်ကြိုးစား အားထုတ်ခြင်း ကြောင့်သာ ပညာရဲ့တန်ဖိုး ကြီးမားလာရတာပါ၊ ဒါကြောင့် အစည်းအရုံးရဲ့ ဂုဏ်ပုဒ် တောက်ပြောင်ဖို့ ဆိုရင် အစည်းအရုံးဝင်တိုင်း တာဝန်ရှိကြတာကြောင့် အဖွဲ့ ဝင် ဆရာ/ ဆရာမများရဲ့ ပူးပေါင်းပါဝင်မှု၊ စုစည်းညီညွှတ်မှုဟာ အင်မတန်မှဘဲ အရေးကြီးလှပါတယ်။ ဆရာ/ဆရာမများ စုစုစည်းစည်း ညီညီညွှတ်ညွှတ်ရှိနေမှလည်း Migrant ပညာရေး တိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ဆရာ၊ ဆရာမအားလုံး၊ အသင်းဝင်အားလုံးကို အထူးမေတ္တာရပ်ခံချင်တာရှိပါတယ်။ BMTA ကို ဘယ်လို ရပ်တည်မှုမျိုးနဲ့  မြင်တွေ့ လိုပါသလဲ၊ ဘယ်လိုလုပ်ပိုင်ခွင့်၊ ဘယ်လို လုပ်ငန်းစဉ် တွေနဲ့  ဦးဆောင်ဦးရွက်ပြုသွားသင့် သလဲ၊
BMTA ရဲ့ တာဝန်နှင့်ဝတ္တရားကို ဘယ်လို ရှင်းရှင်းလင်းလင်း မြင်တွေ့ ဖေါ်ဆောင်စေ လိုသလဲ၊ စတာတွေကို ဒီအခမ်းအနားမှာ မျိုးစေ့ပြန်ချဖို့ လိုအပ်ပါမယ်။ ဦးတည်ချက်၊ ရည်မှန်းချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို လက်ရှိ အခြေအနေနှင့်အညီ ဆက် လျှောက်ရမယ့် အနာဂတ် ကိုလည်း ပုံဖေါ်ဖို့ လိုအပ်ပါမယ်။ အကောင်းဆုံးနှင့် ဖြစ်နိုင်ခြေ အရှိဆုံး ရလဒ်ကောင်းရရှိဖို့  အားလုံးရဲ့ အမြင်သစ်တွေကို စုစည်းဖေါ်ဆောင်သွားဖို့ လိုအပ်ပါမယ်။ Migrant ပညာရေးဖွံ့ ဖြိုးတိုးတက်မှု ရလဒ်ကောင်းနှင့်အတူ အသင်းဝင် ဆရာ/မများရဲ့ ပူးပေါင်းပါဝင်စုစည်းမှုအားဟာလည်း ယခုထက် ပိုမိုကောင်းမွန်တဲ့ စုဖွဲ့  ပူးပေါင်း လုပ်ဆောင်မှုအားတွေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါမယ်။ ဆရာ/ ဆရာမ အချင်းချင်း အပြန်အလှန်လေးစား နားလည်မှု ၊ အဖွဲ့ အစည်းအချင်းချင်း တိုးတက် ကောင်းမွန်တဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေ အပါအ၀င် နိုင်ငံတကာရှိ ပညာရေး ဆိုင်ရာ အသင်းအဖွဲ့  များ၊ ကျောင်းဆရာ သမဂ္ဂများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မှု နည်းလမ်းတွေ ကိုလည်း ရှာကြံ လုပ်ဆောင်သွားဖို့ လိုအပ်ပါမယ်။ ဒါမှသာလျှင် ဆရာ၊ ဆရာမများ အစည်းအရုံးရဲ့ ရပ်တည်မှု၊ ဦးဆောင်မှုတွေအားကောင်းလာပြီး၊ ကျောင်းဆရာ၊ ဆရာမများရဲ့ တန်းဖိုး၊ ပညာရေးဖွံ့ ဖြိုးတိုးတက်မှု အကျိုးတွေကို မိဘ၊ ဆရာ၊ ကျောင်းသား အများလက်ဝယ် ရရှိခံစားကြရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနှင့် တင်ပြချင်တာကတော့ အသင်းဝင်ဆရာ/ ဆရာမအားလုံး၊ ပညာရေး လုပ်ဖေါ်ကိုင်ဖက် အားလုံး မိမိတို့ ရဲ့ ပညာရေးဝန်ထမ်းစံ၊ ဆရာ/ဆရာမများရဲ့ အခန်း ကဏ္ဍ၊ ဆရာ/ဆရာမများရဲ့ သွင်ပြင်နဲ့ စိတ်နေစိတ်ထား၊ ပညာရေး လုပ်ငန်းအပေါ် ကိုယ်စီ ခံယူချက်၊ ထင်မြင် ယူဆချက်တွေကို အစဉ်နှလုံးသွင်းပြီး မိမိတို့  BMTA အစည်း အရုံး နှင့်အတူ အဖွဲ့ ဝင်များရဲ့ တာဝန်ဝတ္တရားတွေကို ကိုယ်စီ ဝေမျှထမ်းဆောင်သွားကြဖို့  တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ အားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
______
မန်းရွှေနှင်း
ဥက္ကဌ
ရွှေ့ ပြောင်းဒေသ ဆရာ/ဆရာမများ အစည်းအရုံး
(Burmese Migrant Teachers’ Association)
ရက်စွဲ – ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်။
Photobucket
Photobucket
Photobucket
New executive committee members 2009-2011
This entry was posted in Action movement, လှုပ်ရှားမှုများ, Burmese pages only. Bookmark the permalink.
One Response to World Teacher Day & BMTA Conference
  1. Mr WordPress says:
    Hi, this is a comment.
    To delete a comment, just log in, and view the posts’ comments, there you will have the option to edit or delete them.
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s